Friday, December 21, 2018

ကလေးလိုချင်သူတွေတွက် သန္ဓေအောင်နိုင်ဖို့ မ ဥ ကြွေချိန်မှာ လိင်ဆက်ဆံပါ

သားဥအိမ်ထဲက မဥကြွေခြင်း မဖြစ်ခင် သုံးရက်မတိုင်မှီ်နဲ့ မဥကြွေခြင်း ဖြစ်နေတုန်းအချိန်ဟာ သန္ဓေအောင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

ကိုယ်ဝန်လိုချင်သူတွေအနေနဲ့ မ ဥ ကြွေချိန်မှာ လိင်ဆက်ဆံဖို့ ပြောရတာကတော့ အဲဒီအချိန်မှပဲ သန္ဓေအောင်နိုင်တာဖြစ်လို့ပါ။ လိင်ဆက်ဆံနေစဉ်မှာ အမျိုးသားရဲ့ သုတ်ကောင်တွေပါတဲ့ သုတ်ရည်တွေဟာ မအင်္ဂါထဲကို ဝင်ပါတယ်။ သန္ဓေအောင်နိုင်ဖို့ က အမျိုးသမီးတွေရဲ့ မ ဥကြွေတဲ့ ဖြစ်စဉ်မှာ သုတ်ကောင်တွေနဲ့ တွေ့ဆုံနိုင်ဖို့လိုအပ်ပါတယ်။ သုတ်ကောင်ဟာ မ မျိုးဥထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ အဲဒီအချိန်မှာ သန္ဓေအောင်ခြင်းဖြစ်ပါတယ်။

သုတ်လွှတ်ပြီးနောက် သုတ်ကောင်သန်းပေါင်းများစွာဟာ မမျိုးဥတွေဆီကို သွားပါတယ်။

သုတ်လွှတ်ပြီးနောက် သုတ်ကောင်သန်းပေါင်းများစွာဟာ မမျိုးဥတွေဆီကို သွားပါတယ်။

မဥကြွေချိန်မှာ သားအိမ်ခေါင်းအတွင်း အကျိအချွဲလည်းရှိတာကြောင့် သုတ်ကောင်ဟာ သားအိမ်ထဲမှာ အချိန်အကြာကြီးလည်း နေနိုင်ပါတယ်။ မဥကြွေခြင်း ဖြစ်ပြီးနောက်မှာ မမျိုးဥက (၁၂) ကနေ (၂၄) နာရီအထိ နေနိုင်ပါတယ်။ ဒါကြောင့် မ ဥမကြွေခင် (၁) ရက် (၂) ရက်အလိုမှာ လိင်ဆက်ဆံထားတာကလည်း မျိုးအောင်နိုင်ချေရှိပါတယ်။ ဒါကြောင့် ကလေးလိုချင်တဲ့ အတွဲတွေ အနေနဲ့ အမျိုးသမီးရဲ့ မ ဥကြွေချိန်မှာ လိင်ဆက်ဆံကြဖို့ ပြောရတာပါ။

အားကောင်းသောသုတ်ကောင်ဟာ သုတ်လွှတ်တာနဲ့ မ မျိုးဥဆီ သွားပါတယ်

ဓမ္မတာစက်ဝန်းကာလကိုရေတွက်ပါ။ ရာသီစလာတဲ့နေ့ ပထမနေ့ဟာ စက်ဝန်းအစဖြစ်ပြီး နောက်ဆုံးနေ့ဟာ နောက်တစ်ကြိမ် ဓမ္မတာမလာခင်နေ့ဖြစ်ပါတယ်။ မဥကြွေခြင်း ဟာ နောက်တစ်ကြိမ် ရာသီမလာခင်နဲ့ အခု လာပြီးကာလရဲ့ ကြားကာလသာဖြစ်နိုင်ပါတယ်။ ဥပမာ ရာသီစက်ဝန်းက (၂၈) ရက်ဆိုရင် (၁၄) ရက်မြောက်နေ့ပတ်ဝန်းကျင်မှာ မဥကြွေပါတယ်။ မဥကြွေခြင်း မဖြစ်ခင် သုံးရက်မတိုင်မှီ်နဲ့ မဥကြွေခြင်း ဖြစ်နေတုန်းအချိန်ဟာ သန္ဓေအောင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။