Friday, January 4, 2019

ပုရိသတွေ ဇနီး ကိုစွန့်ပစ်သွားတတ်တဲ့ အဓိကအကြောင်းရင်း(၅)ခု


အင်္ဂလိပ်ဘာသာ စကားမှာတော့ “happy wife, happy life” ဆိုတဲ့ ဆိုရိုးလေးရှိပါတယ်။ ဆိုလိုတာက အိမ်ထောင်

တစ်ခုမှာ မိန်းမ ကပျော်ရင် ဘဝက သာယာတယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် ခင်ပွန်းသည် ကိုလည်း လျော့တွက်လို့ မရပါဘူး။ ယောက်ျားတွေ ခံစားရရင် အပြင်ပန်းမှာ မသိသာပါဘူး။ မနေနိုင်တော့မှသာ ပေါက်ကွဲတတ်ကြတာပါ။ Clinton Power + Associates ကအိမ်ထောင်ရေး အတိုင်ပင်ခံ Clinton Powerက ယောက်ျားတွေ မိန်းမတွေကို စွန့်ခွာသွား

လေ့ရှိတဲ့ အဓိကအကြောင်းအရင်း(၅)ခုကို သူ့ဘဝတစ်လျှောက် အိမ်ထောင်ရေးအကြံပေးမှုတွေက တစ်ဆင့်သိခဲ့ပြီး

The Sunသတင်းစာမှာ ဖော်ပြပေးခဲ့ပါတယ်။


သဘောထားမတိုက်ဆိုင်မှုများလွန်းခြင်း



Clingtonရဲ့ပြောပုံအရ အိမ်ထောင်သည်တွေ ကွဲရတဲ့ အကြောင်းအရင်းထဲမှာ သဘောထားမတိုက်ဆိုင်မှုများလွန်းခြင်း

က ထိပ်ဆုံးမှာပါဝင်နေခဲ့ပါတယ်။ “အိမ်ထောင်သည်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်ဝေဖန်ခြင်း၊ သို့မဟုတ်မိမိခံယူထားသည့်အရာကိုအလျော့မပေးခြင်း စတာတွေများလာတဲ့အခါ သူတို့ရဲ့အချစ်စိတ်တွေလျော့ပါးလာတတ်ပါတယ်။”လို့ဆိုခဲ့ပါတယ်။ အချို့ကလည်း အိမ်ထောင်ကို မဆင်မခြင်ပြုတတ်ကြတာကြောင့် အိမ်ထောင်ကျမှ အကြိုက်မတူတာတွေများမှန်း သိလာတတ်ကြပါတယ်။



ပြဿနာများကိုရှောင်ဖယ်လွန်းခြင်း



ပြဿနာဖြစ်ကြပြီဆိုရင် မဖြေမရှင်းပဲနဲ့ ချောင်ထိုးထားတာမျိုးပါ။ ကြာလာတော့ အနာရင်းလာသလိုမျိုးပါပဲ။ လင်မယား

ကြား ပြဿနာဆိုတာရှိတတ်ပါတယ်။ ဒါပေမယ့် ထိုပြဿနာဟာ အမြန်ဆုံးဖြေရှင်းသင့်ပါတယ်။ ၂ဦးစလုံး ကျေနပ်တဲ့

အထိ ဖြေရှင်းသင့်ပါတယ်။ မဖြေရှင်းတဲ့သူတွေဟာ အစကတော့ ပျော်စရာပုံပေါက်နေတတ်ပေမယ့် ပေါက်ကွဲကြတဲ့

အခါမှာတော့ အလဲအကွဲဖြစ်တတ်ပါတယ်။ Clinton က “ပြဿနာတွေကို မသိကျေးကျွန်ပြုပြီး တည့်မရှင်းတာဟာ

စုံတွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးမှာ အမျိုးသားတွေဟာ အတွင်းပိုင်းမှာလောင်ကျွမ်းနေ

တတ်ပါတယ်။”


အထိအတွေ့နည်းလွန်းခြင်း



အိမ်ထောင်ရေးသုခမရှိပဲ ၊ မယားကစိတ်မပါလိုက်၊ ခင်ပွန်းကစိတ်မပါလိုက်၊ ခရီးသွားလိုက် စသဖြင့်လုံလောက်တဲ့

အထိအတွေ့ ကာမသုခမရှိရင် လင်မယားတွေကွဲတတ်ပါတယ်။



အသိအမှတ်ပြုမှုမခံရခြင်း



လင်ယောက်ျားတွေဟာ များသောအားဖြင့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခံချင်တတ်ကြပါတယ်။

ထုတ်ဖော်ပြောလေ့တော့မရှိပေမယ့် မသိကျေးကျွန်အပြုခံရတာများလာတဲ့အခါကျရင်တော့ စိတ်ကုန်လာတတ်ပါတယ်။

ဆက်လက်ပြီး ပေးဆပ်လိုစိတ်၊ ကြိုးစားလိုစိတ်တွေမရှိတတ်ကြတော့ပါဘူး။ ဇနီးမယားတွေအနေနဲ့လည်း မကြာခဏ

မိမိခင်ပွန်းရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုပေးဖို့လိုပါတယ်။


သစ္စာဖောက်ခံရခြင်း



မိန်းမတစ်ယောက်ရဲ့ ဖောက်ပြန်ခြင်းက ယောက်ျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုပါ ပျက်ယွင်းသွားစေတတ်ပါတယ်။ တစ်ခါတစ်လေ မိန်းမဖောက်ပြန်နေတာသိရက်နဲ့ ဘာမှမပြောပဲ သူလည်း စိတ်ထင်ရာလျှောက်လုပ်နေတတ်တဲ့ လင်ယောက်ျားမျိုးတွေလည်းရှိတတ်ပါတယ်။ နောက်ဆုံးတော့ ကွာရှင်းခြင်း အဆင့်ကိုရောက်ရှိလာတတ်ပါတယ်။