Sunday, January 13, 2019

အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သောမိန်းမ (၁၀) မျိုး

၁. အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ



၂.မိဘအားပြုစုလုပ်ကျွေးလိုစိတ်ရှိပြီးကိုယ့်ထက်အကြီးများအားလေးစားစွာဆက်ဆံတတ်ပြီးကိုယ့်ထက်အငယ်များအားအရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ



၃. ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မဝင်စားတတ်.. ကိုယ်နဲ့တွေ့မှအိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ



၎. အရာရာကို လွယ်လွယ်မယုံ ဉာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမထိုအသိဉာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲ သားသမီးများအားသွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ



၅. ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာနေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘဝရောက်ရောက် ပေါင်းသင်းမည့် မိန်းမ



၆. မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ.. ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ



၇. အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများအားကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ



၈. ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ



၉. အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် .. အိမ်အလည်အပတ်များခြင်းအင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေထိုင်ကြည့်ခြင်း… စသည်တို့တွင် လိုတာထက်ပိုရု စိတ်ပါဝင်စားမှု မရှိသော မိန်းမ



၁၀. ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမ