Tuesday, January 8, 2019

အမျိုးသမီးယောနိအတွက် Kegel(ကီဂျဲလ်) လေ့ကျင့်ခန်း


အမျိုးသမီးယောနိအတွက် Kegel(ကီဂျဲလ်) လေ့ကျင့်ခန်း



အချို့အမျိုးသမီးတွေက ယောနိကြွက်သားတွေ လျော့ရဲလာစေတဲ့ ကလေးမွေးဖွားခြင်းနဲ့ ကျန်းမာရေးအခြေအနေတို့ ကြုံတွေ့နေချိန်တွင် တချို့ကတော့ ပိုမိုကြည်နူးဖွယ်ကောင်းတဲ့ ချစ်တင်းနှောမှုကို လိုချင်ကြပါတယ်။



ဘယ်လို အကြောင်းပြချက်ကြောင့်ဖြစ်ပါစေ တင်းကျပ်သော ယောနိဖြစ်လိုတာကတော့ အမျိုးသမီးဦးစားပေးစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိတာပါပဲ။



အကယ်၍ သင်က ချစ်တင်းနှောချိန်တွင် လျော့ရဲသော ခံစားမှုကို စိတ်ပျက်နေတယ်ဆိုရင်တော့ တင်းကျပ်တဲ့ ယောနိက သင့်ကို ကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေမှာပါ။ ဒါ့အပြင် ကျန်းမာတဲ့ ယောနိကို နောင်နှစ်ပေါင်းများစွာ ပိုင်ဆိုင်မှာပါ။



တင်ပါးစုံရိုးအားနည်းတာက အမျိုးသမီးတိုင်းအတွက် ပြဿနာပါ



တင်ပါးစုံကြွက်သားကို အားနည်းစေတဲ့ အချက်အလက်တွေအများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း၊ ခွဲစိပ်မှုပြုလုပ်ထားခြင်း၊ အသက်ကြီးခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ နာတာရှည်ချောင်းဆိုးခြင်းတို့တွင် အလွန်အမင်း အားစိုက်ရခြင်းနဲ့ ကိုယ်အလေးချိန် အလွန်တက်လာခြင်းတို့ကြောင့် ဖြစ်ပါတယ်။



အောက်ဖော်ပြပါကိစ္စရပ်တွေမှာ Kegel(ကီဂျဲလ်) လေ့ကျင့်ခန်းကြောင့် ကောင်းကျိုး ခံစားရနိုင်ပါတယ်။



နှာချေတဲ့အခါ၊ ရယ်တဲ့အခါနဲ့ ချောင်းဆိုးတဲ့အခါတွေမှာ ဆီးအနည်းငယ် ထွက်ကျခြင်း (စိတ်ဖိအားဒဏ် မခံနိုင်ခြင်း)

ဆီးအများအပြားမသွားခင် ရုတ်တရက် အလွန်အမင်း ဆီးသွားလိုစိတ် ဖြစ်ပေါ်ခြင်း (ဆီးမထိန်းနိုင်ခြင်း)

အီးထွက်ကျခြင်း (ဝမ်းမထိန်းနိုင်ခြင်း)

Kegel လေ့ကျင့်ခန်းကို ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်တွင်လဲ ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်ရန် ပြုလုပ်နိုင်ပါတယ်။

Kegel လေ့ကျင့်ခန်းက နှာချေတာ၊ ချောင်းဆိုးတာနဲ့ ရယ်တာတွေကြောင့် အလွန်အမင်းဆီးထွက်ကျနေသော အမျိုးသမီးတို့အတွက် အကူအညီအနည်းငယ်သာ ပေးနိုင်သည်ကို သိထားရပါမယ်။



ဆီးအိမ်တင်းပြည့်လို့ ဆီးအနည်းငယ် ထွက်ကျတဲ့ အမျိုးသမီးတွေကို လည်း အနည်းငယ်သာ ကူညီနိုင်ပါတယ်။



Kegel ဆိုတာ ဘာလဲ



သင့်ရဲ့ယောနိကို တင်းကျပ်ဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းကတော့ Kegel လို့ခေါ်တဲ့ တင်းကျပ်အောင် ပုံမှန်လုပ်ရတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။



ဒီနည်းလမ်းရဲ့ အားသာချက်ကတော့ ဘယ်နေရာမှာမဆို ဘယ်သူမှ မသိအောင် ပြုလုပ်နိုင်တာပါပဲ။



Kegel လေ့ကျင့်ခန်းက သားအိမ်၊ ဆီးအိမ်၊ အူသိမ်ပိုင်းနဲ့ အစာဟောင်းအိမ်တို့ကို ထောက်ပံ့ပေးတဲ့ တင်ပါးစုံကြွက်သားကို သန်မာစေပါတယ်။



Kegel လေ့ကျင့်ခန်းက သင့်တင်ပါးစုံတင် မဟုတ်ဘဲ တင်ပါးစုံနားက အခြားကြွက်သားတွေကိုပါ သန်မာစေတာပါ။ Kegel လေ့ကျင့်ခန်းလို့ခေါ်တဲ့ တင်ပါးစုံကြွက်သားလေ့ကျင့်ခန်းကို ဘယ်ချိန်မှာမဆို ပြုလုပ်နိုင်ပါတယ်။



သင့်ရဲ့လျော့ရဲနေတဲ့ ယောနိကို တင်းကျပ်စေတဲ့အပြင် ဆီးလမ်းကြောင်းကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေရဲ့ အားနည်းမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆီးမထိန်းနိုင်ခြင်း အခြေအနေကို ကာကွယ်ပေးပါတယ်။



Kegel လေ့ကျင့်ခန်းလုပ်ရာတွင် ဘယ်ကြွက်သားကို အာရုံစိုက်မလဲဆိုတာ ပထမဆုံး သတ်မှတ်ရပါမယ်။ သင်ဆီးသွားတဲ့အခါမှာ အဲ့နေရာက ကြွက်သားတွေကို ဆီးသွားနေတုန်း တင်ပါးစုံကြွက်သားတွေကို တင်းပြီး ရပ်လိုက်ပါ။ သင်လုပ်ချင်တဲ့အရာဆိုတာ အဲ့တာတွေပါပဲ။



Kegel လေ့ကျင့်ခန်းကို ဘယ်လိုလုပ်မလဲ



Kegel ဟာ ပြုလုပ်ရလွယ်ပြီး ဘယ်နေရာမှာမဆို ဘယ်သူမှမသိအောင် ပြုလုပ်နိုင်ပါတယ်။



ဆီးသွားတာကို ရပ်စေတဲ့ ကြွက်သားကို ရှာဖွေပါ။

ထိုကြွက်သားကို ၃စက္ကန့်ညှစ်၊ ၃စက္ကန့်လျှော့ လုပ်ပါ။ ထိုသို့လုပ်နေချိန်မှာ ဝမ်းဗိုက်ကြွက်သားနဲ့ တင်ပါးကြွက်သားတို့ကို မညှစ်မိပါစေနဲ့။

တစ်ကြိမ်လျှင် ၁ဝစက္ကန့်ညှစ်နိုင်တဲ့အထိ တစ်ပတ်ကို တစ်စက္ကန့်ဆီ တိုးပြီးလုပ်ရပါမယ်။

တစ်ခေါက်လျှင် ၁ဝကြိမ်၊ ၁၅ကြိမ်အထိ ပြုလုပ်ပါ။ တစ်ရက်ကို ၃ခေါက်ခန့်ပြုလုပ်နိုင်အောင် ကြိုးစားပါ။

Kegel ကို ဆီးသွားနေချိန်မှာ မလုပ်ရပါဘူး။ ဆီးသွားနေချိန်ပြုလုပ်တာက သင့်ဆီးအိမ်ကို ထိခိုက်စေနိုင်ပါတယ်။

Kegel ကို ပုံမှန်အချိန်စာရင်းနဲ့ ပြုလုပ်ရင် အကောင်းဆုံးပါ။သင့်ရဲ့ ဆရာဝန်က သင့်ကို Kegel ပြုလုပ်ရာမှာ Biofeedback ဖြင့် ကြိုးစားပြုလုပ်ရန် ပြောပါလိမ့်မယ်။



အဲ့ဒါက သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ မှန်ကန်မှုရှိမရှိ သင့်ကို မြင်ရ၊ ခံစားရ၊ ကြားရစေမှာ ဖြစ်ပါတယ်။



Kegel ကို ၃၊ ၄လလောက် ပြုလုပ်ပြီး တိုးတက်မှုမရှိဘူးဆိုပါက ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ရပါမယ်။