ဒီလိုဆိုရင်တော့ အစကောင်းမှ အနှောင်းသေချာဆိုသလို အိမ်ထောင်အစက စလို့ အိမ်ထောင်ရေးသုခတွေ ပြည့်စုံနေစေမှာ သေချာပါတယ်။
အချိန်ယူပါ
ချစ်သူဘဝကနေ တဆင့်တက်လို့ အခမ်းနားဆုံး မင်္ဂလာဆောင်ပြီးပြီဆိုရင်တော့ တအိုးတအိမ် ထူထောင်တဲ့ အဆင့်ရောက်ပါပြီနော်။ ဒီအချိန်မှာ တူနှစ်ကိုယ် လူမှုရေး၊ စီးပွားရေး၊ နောင်ရေးတွေအပြင် ချစ်မှုရေးရာတွေပါ ပါဝင်လာပါပြီ။ ကြင်စဦးဇနီးမောင်နှံလေးတို့အနေနဲ့ ချစ်မှုရေးရာအဖြစ် လိင်ဆက်ဆံမယ်ဆိုရင် သိထားသင့်တာလေးတွေ ရှိပါတယ်။
ဂရုစိုက်ခြင်း
အသစ်စက်စက် ဇနီးမောင်နှံလေးတို့ရေ ချစ်စကြင်စမှာ ကြင်ကြင်နာနာ ဂရုစိုက်တာ အကောင်းဆုံးပါပဲ။ ဒါက အိမ်ထောင်ဘဝအစရဲ့ အမှတ်တရ အရှိဆုံး အချိန်တွေပါပဲ။ ဒါကြောင့်တသက်တာ အမှတ်တရအတွက် နူးညံ့ချိုသာခြင်းတွေပဲ ဖန်တီးရပါမယ်နော်။
အလိုလိုက်ခြင်း
အလိုလိုက်တယ်ဆိုတာ တစ်ဖက်လူကို စိတ်ကျေနပ်စေတဲ့အရာပါ။ ဒီအချက်က ကြင်စဦးဇနီးမောင်နှံတို့ လိင်ဆက်ဆံတဲ့အခါမှာ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အလိုလိုက်ဖို့ လိုပါတယ်။ ချစ်တင်းနှောတဲ့အခါမှာ တစ်ယောက် ဆန္ဒကို တစ်ယောက် အလိုလိုက်ဖို့ လိုပါတယ်။ လိင်ဆက်ဆံနေချိန်မှာ အကုန်လုံး လိုက်လျောပါ။
လိင်ဆက်ဆံနေချိန်မှာ အကုန်လုံး လိုက်လျောပါ
ပျော်စရာတွေ ဖန်တီးခြင်း
ချစ်တင်းနှောတာကို စိတ်ပင်ပန်းစရာတစ်ခုလို့ တွေးထားမယ်ဆိုရင် အိမ်ထောင်ရေးသုခကို အပြည့်အဝ မရရှိနိုင်ပါဘူး။ ဒါကြောင့် ချစ်တင်းနှောတဲ့အခါမှာ ပျော်စရာတွေ တွေးထားပါ။ ပျော်စရာလို့ မြင်ပါ။ အချစ်သီချင်း ဒါမှမဟုတ် တီးလုံးချိုချိုလေးတွေ ဖွင့်ထားပါ။ ဖြစ်နိုင်ရင်တော့ ဝိုင်ချိုချိုလေးတွေ တစ်ခွက်လောက် သောက်ထားပါ။ ရီဝေဝေလေးပေါ့။
အချိန်ယူခြင်း
ကြင်စဦးဇနီးမောင်နှံလေးတို့ရေ ပထမဆုံး မင်္ဂလာဦးည ချစ်တင်းစနှောချိန်မှာ အချိန်ယူပါ။ ဆန္ဒတွေ စောတာက ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ပါဘူးနော်။ ဒီတော့ စိတ်ကိုလျှော့ထားပြီး အချိန်ယူဆောင်ရွက်ပါ။ ဘယ်လိုအရာမျိုးမဆို အစပိုင်းမှာ အခက်အခဲရှိနေနိုင်တာကို သတိရပါ။
လိင်ဆက်ဆံပြီးတဲ့အခါမှာ ထွေးပွေ့ထားပါ
ရင်းရင်းနှီးနှီး စကားပြောခြင်း
ဒီလိုအချိန်မျိုးမှာ ရင်းရင်းနှီးနှီး စကားပြောတာတွေ လုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ပြောရမယ့်စကားအကြောင်းအရာကတော့ လိင်ဆက်ဆံခြင်းနဲ့ ဆက်စပ်တာလေးတွေပေါ့။ ဒီအကြောင်းနဲ့ ဆက်နွယ်တဲ့အရာလေးတွေ ပြောပါ။ ဒီလိုပြောရင်းကနေ သူ့အကြိုက်က ဘာလဲဆိုတာ သိလာပါလိ့မ်မယ်။
ထွေးပွေ့ခြင်း
ဒီအချက်ဟာ လိင်မှုကိစ္စ ဆောင်ရွက်ခြင်းမှာ အရမ်းကိုအရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့အခါမှာ ထွေးပွေ့ထားပါ။ တချို့တွေက လိင်မှုကိစ္စ ဆောင်ရွက်ပြီးတာနဲ့ တခြားထွေလီကာလီ ကိစ္စတွေ လုပ်တတ်ကြပါတယ်။ ဒီလိုပုံစံကို ကိုယ့်ရဲ့အိမ်ထောင်ဖက်က ကြိုက်ချင်မှ ကြိုက်မှာပါ(မကြိုက်ဖို့က ရာခိုင်နှုန်း တော်တော်များပါတယ်)။ ဒါကြောင့် လိင်မှုကိစ္စဆက်ဆံပြီးတဲ့အခါမှာ အိမ်ထောင်ဖက်ကို ထွေးပွေ့ထားတာမျိုး ရှိပါစေနော်။
ဒီလိုဆိုရင်တော့ အစကောင်းမှ အနှောင်းသေချာဆိုသလို အိမ်ထောင်အစက စလို့ အိမ်ထောင်ရေးသုခတွေ ပြည့်စုံနေစေမှာ သေချာပါတယ်။
