Sunday, March 10, 2019

ဒေါက်တာအောင်စိုးဝင်းပြောသော ရဲယိုအကြောင်းသိကောင်းစရာများ

ဒေါက်တာအောင်စိုးဝင်းပြောသောရဲယိုအကြောင်းသိကောင်းစရာများဖေါ်ပြပေးလိုက်ပါတယ်
မေး# ရဲယိုကဆေးလား ?
ဖြေ€ ရဲယိုသည်ဆေးမဟုတ်ပါ။ဆေးထက်အဆင့်များစွာမြင့်မားပြီးသဘာဝအလေ့ကျပေါက်ရောက်သောအသီးတမျိုးပါ
မေး#ရဲယိုသီးကိုဘာရောဂါမှမဖြစ်သေးခင်ကြိုတင်စားလို့ရပါသလား ?
ဖြေ € စားလို့ရပါတယ် ။ထန်းလျက်နဲ့သော်၎င်း ၊ပျားရည်နဲ့သော် ၄င်း ၊ရောပြီးစားလို့ရပါတယ်။အစေ့ တွေကိုမစားစေချင်ပါ ၊အူအတက်မှာသွားပိတ်နေမှာစိုးလို့ပါ ။အသီးတွေကမ္ဘာပေါ်မှာအများကြီးပါ ။အဲ့အထဲကမှရဲယိုသီးကိုရွေးချယ်ပြီးထုတ်လုပ်ရသလဲဆိုတော့ရဲယိုက ကင်ဆာပျောက်တဲ့ထိပ်တန်းအသီး ၃၀၀ ထဲမှာရဲယိုသီးကTOP TEN ထဲမှာပါလို့ရွေးချယ်လိုက်ပါတယ်
မေး # ရဲယိုသီးအမှည့်ကိုဘယ်အချိန်မျိုးမှာ စားသုံးသင့်ပါသလဲ?
ဖြေ € အစာအိမ်ထဲမှာအစာမရှိချိန်တွင်စားသင့်ပါတယ် ။ပြီးရင်ရေများများလိုက်သောက်သင့်ပါတယ် ။တနေ့ကို ၃ ကြိမ် စားပေးရင်ပိုကောင်းပါတယ်။ယနေ့ခေတ်က ဓာတုဗေဒ ပစ္စည်းတွေအရမ်းလွှမ်းမိုးနေလို့လူ့သွေးထဲမှာ ဓာတုပစ္စည်းတွေနေ့စဉ်ဝင်ရောက်နေလို့ပါ ။ရဲယိုသီးအမှည့်ကိုစားပြီးရင်အနည်းဆုံး နာရီဝက် (သို့ )တစ်နာရီနေပြီးမှအစာစားသင့်ပါတယ် ။ကော်ဖီ လက်ဖက်ရည်ကျွဲရိုင်း ကိုကာကိုလာ တွေကိုရဲယိုသီးနှင့်ကပ်ပြီးမစားသင့်ပါ ။ရဲယိုအာနိသင် ကျမှာစိုးလို့ပါ ။မတည့်တဲ့သဘောတော့မရှိပါဘူး
မေး # ဘယ်လိုရောဂါတွေအတွက်သင့်တော်ပါသလဲ?
ဖြေ € ရောဂါ ၁၀၁ မျိုးအတွက်သင့်တော်ပါတယ် ။ကင်ဆာ ၊ဆီးချိုသွေးတိုး ၊လေဖြတ်ခြင်း ၊လေးဘက်နာ /ဂေါက်ထိပ်ကပ်နာ/နှာခေါင်းအနံ့မရခြင်း ၊နားအကြားအာရုံကျဆင်းခြင်းကျီးပေါင်း/အရိုးပွခြင်း ၊သားအိမ်အလုံးတည်ခြင်း၊သားဥအိမ်ရေအိတ်တည်ခြင်း ၊အဖြူဆင်းခြင်း ၊ရေယုန် ကြွက်နို့ပေါက်ခြင်း ၊ပန်းသေ/ပန်းညှိုးခြင်း ၊ဆေးလိပ်စွဲကွမ်းစွဲအရက်ဘီယာစွဲခြင်း ၊ဖြတ်လိုသူများသောက်သင့်ပါသည် ။မှုးယစ်ဆေးဝါးစွဲခြင်း ၊အိပ်ဆေးစွဲခြင်း ၊အိပ်မပျော်ခြင်း ၊စောစောအိပ်ရာမဝင်နိုင်ခြင်း ၊သည်းခြေအိတ်ကျောက်တည်ကျောက်ကပ်ကျောက်တည်ခြင်း၊အသည်းအဆီဖုံးခြင်း ၊ပါးစပ်ပျက်ခြင်း ၊ထိပ်ပြောင်သူများဆံပင်ပြန်ပေါက်ခြင်း ၊အသားအရေစိုပြေချောမွေ့ခြင်း၊ပါးစပ်နံခြင်း၊ချိုင်းနံခြင်း ၊ရာသီမမှန်ခြင်း၊ရာသီလာခါနီးလူသတ်ချင်စိတ်ပေါ်ခြင်း ၊
စိတ်တိုလွယ်ခြင်း ၊အထီးကျန်ဆန်ခြင်းစိတ်ဓာတ်ကျလွယ်ခြင်း ၊အများနှင့်လိုက်လျောညီထွေမနေနိုင်ခြင်း ၊တခုခုဆို မှတ်မရခြင်း၊နှလုံးရောဂါ ၊အသည်းရောဂါ ၊ကျောက်ကပ်ရောဂါ ၊မုန့်ချိုအိတ်ရောဂါ ၊အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ ၊ဆီးကျိတ်ရောဂါ ၊မြုံခြင်း ၊မှတ်ဥာဏ်မကောင်းခြင်း ၊စာကျက်သည့်အခါ အာရုံမရခြင်း၊ဆိုးသွမ်းလူငယ်ဖြစ်နေခြင်း ၊သူငယ်ပြန်ခြင်း ၊အယ်လ်ဆိုင်းမားရောဂါ ၊အဝလွန်ခြင်း ၊သက်လုံကောင်းလိုသူများ ၊ကိုယ်ခံအားကောင်းလိုသူများ ၊အသက်ရှည်ကျန်းမာလိုသူများနေ့စဉ်မှန်မှန် သောက်သုံးသင့်ပါသည်
ဒေါက်တာ အောင်စိုးဝင်း( သဘာဝ စွမ်းအားရဲယို ဆရာဝန် )
ပြန်လည်မျှဝေပေပါသည်။မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ