Monday, June 24, 2019
မနက်ခင်းပိုင်း လိင်ဆက်ဆံခြင်းကနေ ဘာတွေရရှိနိုင်လဲ
ကလေးတွေကို အနှီးလဲပေး၊ နို့တိုက်ရ အစရှိသလိုနဲ့ ပြုစုစောင့်ရှောက်ရတာတွေ များတာကြောင့် မအားလပ်ဘူးဆိုရင် လိင်မှုကိစ္စပြုလုပ်ခြင်းကို မနက်ခင်းဘက် လုပ်ဆောင်ရမှာပါ။
ဖေဖေ မေမေတို့ရေ ညပိုင်းမှာ သားသားမီးမီးလေးတွေကို အနှီးလဲပေး၊ နို့တိုက်ရ အစရှိသလိုနဲ့ ပြုစုစောင့်ရှောက်ရတာတွေ များတာကြောင့် မအားလပ်ဘူးဆိုရင် လိင်မှုကိစ္စပြုလုပ်ခြင်းကို မနက်ခင်းဘက် လုပ်ဆောင်ရမှာပါ။ ဖေဖေ မေမေတို့ မနက်ခင်း လိင်ဆက်ဆံခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဘာတွေလဲ ဖတ်ကြည့်ရအောင်နော်။
ခန္ဓာကိုယ် စွမ်းအားရှိစေခြင်း
မနက်ခင်း လိင်ဆက်ဆံခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေထဲမှာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်းတွေ ပါဝင်ပါတယ်။ သုတေသီတွေရဲ့ လေ့လာချက်အရ ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေမယ့် ဘက်တီးရီးယားတွေ မဝင်ရောက်လာနိုင်အောင် တားဆီးထားပေးနိုင်ပါတယ်။
ငယ်ရွယ်နုပျိုစေခြင်း
မနက်ခင်း လိင်ဆက်ဆံခြင်းဟာ နုပျိုလန်းဆန်းခြင်းကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မနက်ခင်း လိင်ဆက်ဆံခြင်းကြောင့် ငယ်ရွယ်နုပျိုခြင်းကို ရေရှည်ထိန်းထားပေးနိုင်မယ့် dhea လို့ခေါ်တဲ့ အိုမင်းရင့်ရော်ခြင်းကိုတိုက်ထုတ်ပေးနိုင်တဲ့ ဟော်မုန်းဓါတ်တစ်မျိုး ခန္ဓာကိုယ်က ထွက်ပါတယ်။ မနက်ခင်း လိင်ဆက်ဆံပြီး နောက်ပိုင်းမှာ သွေးအတွင်း dhea ဟော်မုန်း လည်ပတ်ခြင်းဟာ ငါးဆပိုပြီး များပါတယ်။
လေ့ကျင့်ခန်းဖြစ်ခြင်း
လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင် မနက်ခင်းပိုင်းမှာ လိင်ဆက်ဆံတာမျိုး လုပ်ပါ။ မနက်ခင်း လိင်ဆက်ဆံခြင်းဟာ တစ်နာရီစာလောက် ပြေးသလို ကယ်လိုရီတော့ မလျော့နိုင်ပေမယ့် လှုပ်ရှားမှု တစ်ခုဖြစ်တာမို့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ လိင်ဆက်ဆံချိန် တစ်မိနစ်မှာ (၅) ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။ မနက်ခင်း လိင်ဆက်ဆံခြင်းဟာ ကယ်လိုရီ(၇၅) လောက် လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ကယ်လိုရီကျဖို့ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေ မလုပ်နိုင်ရင်တောင် မနက်ခင်း လိင်ဆက်ဆံခြင်းတော့ ပြုလုပ်ပါ။
စိတ်ကြည်လင်စေခြင်း
စိတ်ပိုင်းဆိုင်ရာအတွက်ဆိုရင်တော့ မနက်ခင်း လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ ဒီလိုမျိုး စိတ်ပြေလျော့ခြင်းဟာ (၇) ရက်လောက်အထိတောင် ဖြစ်နိုင်ပါတယ်။
ဖေဖေ မေမေတို့အနေနဲ့ လိင်ပိုင်းဆိုင်ရာကြောင့် စိတ်ပျော်ရွှင်မှုတွေ ရရှိဖို့အတွက် မနက်ခင်း လိင်ဆက်ဆံမှု ပြုလုပ်သင့်ပါတယ်။
