Tuesday, February 19, 2019

ပိတ်ရက်မှာ ချစ်တင်းနှောတာလေးဆောင်ရွက်ကြတော့မှာလား

အလုပ်ကိစ္စတွေ မအားလပ်တာကြောင့် ကြားရက်မှာ ချစ်တင်းနှောတာကို သေသေချာချာလေး ပြင်ဆင်ပြီး မဆောင်ရွက်ခဲ့ဘူးဆိုရင် ပိတ်ရက်မှာ သေချာ ပြင်ဆင်သင့်ပါတယ်။



အလုပ်တစ်ဖက်နဲ့ အိမ်မှုကိစ္စတွေ မအားလပ်တာကြောင့် ကြားရက်မှာ ချစ်တင်းနှောတာကို သေသေချာချာလေး ပြင်ဆင်ပြီး မဆောင်ရွက်ခဲ့ဘူးဆိုရင် ပိတ်ရက်မှာ သေချာ ပြင်ဆင်သင့်ပါတယ်။ ပိတ်ရက်မှာ ပျော်စရာကောင်းအောင် ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာ မျှဝေလိုက်တယ်နော်။





စိတ်ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ ရင်းနှီးအောင် နေပါ

တအိမ်ထဲ နေလို့ ရင်းနှီးတာနဲ့လိင်ဆက်ဆံချိန် ရင်းနှီးတာက မတူဘူးနော်။ လိင်ဆက်ဆံတယ်ဆိုတာကလည်း လိင်မှုကိစ္စ ရဲ့ သေးငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ရင်းနှီးအောင် အင်္ကျီချွတ်တာလေးကအစ ကြည်နူးစရာ ကောင်းအောင် ဖန်တီးပါ။







 ပိတ်ရက်မှာတော့ အခန်းလေးကို နေချင်စဖွယ် ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်

ဒါမှ နှစ်ယောက် အတူတူ အခန်းထဲမှာ အချိန်ကြာကြာ ရှိနေချင်မှာပါ။ ဒီတော့ အခန်းထဲမှာ ရှုပ်ပွနေတာတွေ၊ အမှိုက်တွေနဲ့ မသပ်ရပ်တာတွေကို ဖယ်ရှားထားလိုက်ပြီး အခန်းလေး မွှေးကြိုင် သန့်ပြန့်နေအောင် ထားထားပါ။ ဒါဆိုရင်တော့ ဖေဖေရော မေမေရော စိတ်ချမ်းသားရမှာပါ။



 စိတ်အာရုံထွေပြားစေမယ့် တီဗွီဖွင့်ထားရင် ပိတ်လိုက်နော်

ဒုတိယအနေနဲ့ ဝိုင်တစ်ခွက်သောက်ပြီး ချောကလက်လေးစားပါ။ မေမေတို့ရေ ဘယ်အချိန် ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ်ဖြစ် ဆွဲဆောင်မှု ရှိနေဖို့ လိုပါတယ်နော်။ လိင်ညှို့ အားရှိတဲ့ အတွင်းခံလေးတွေဝတ်ဆင်ပါ။



လိင်မဆက်ဆံခင်မှာ အချစ်အကြောင်း တီတီတာတာလေးတွေ ပြောဆိုပါ

ရန်ဖြစ်မယ့် စကားတွေနဲ့ စီးပွားရေးအကြောင်းတွေ ဒီအချိန်မှာ မပြောမိဖို့ သတိပြုရမယ်နော်။ ဖေဖေ မေမေတို့ရေ ဓါတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေ ရိုက်ထားနိုင်ရင် အကောင်းဆုံးပါ။ ဒါက အမှတ်တရ ဖြစ်စေမှာပါ။ ပြီးတော့ နောက်ရက်တွေမှာ ပြန်ကြည့်ရင် ဖေဖေ မေမေတို့ အမောလည်း ပြေသလို ချစ်စိတ်တွေလည်း တိုးလာမှာပါ။ ဖေဖေ မေမေတို့ရေ အခန်းလေးကိုလည်း ရိုမတ်တစ်ဆန်ဆန်လေး ပြင်ဆင်ထားရင်တော့ အကောင်းဆုံးနော်။



 ပိတ်ရက်မှာ လွတ်လွတ်လပ်လပ် ချစ်တင်းနှောလို့ ရအောင်

အိမ်မှုကိစ္စတွေလည်း ကြိုတင်ပြီး ဆောင်ရွက်လို့ ရမယ်ဆိုရင် ဆောင်ရွက်ထားတာ အကောင်းဆုံးပါ။ ပြီးတော့ ပိတ်ရက်တွေမှာ အပြင်သွားရမယ့် လူမှုရေးတွေလည်း ရှောင်လိုက်ပါ။ ဒါဆိုရင်တော့ မေမေ ဖေဖေတို့ ပိတ်ရက်မှာ စိတ်ချလက်ချ ချစ်တင်းနှောလို့ ရနိုင်ပြီဖြစ်ကြောင်း