Sunday, December 16, 2018

အိမ်ထောင်ရေးသုခပြည့်ဖို့ သဘာဝဖျော်ရည်



အခုပြောပြတဲ့ သဘာဝ ဖျော်ရည်လေးထဲက ပါဝင်ပစ္စည်းတွေကို ခက်ခက်ခဲခဲ ရှာဖို့မလိုတဲ့အပြင် အလွယ်တကူရနိုင်တာမို့ သတို့သားတို့အတွက် အဆင်ပြေမှာပါ

သတို့သားလောင်းတို့ရေ အိမ်ထောင်သည်ဘဝမှာ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ဆိုတာ သတို့သားတို့အနေနဲ့ အမျိုးသားစွမ်းဆောင်ရည် အပြည့်အဝ ရှိဖို့လိုပါတယ်နော်။ သဘာဝအတိုင်း စွမ်းဆောင်ရည် မပြည့်ဝတဲ့အခါ ဆေးသောက်ရတာတွေ၊ ဆရာဝန်နဲ့ ဆွေးနွေးရတာတွေ လုပ်ရတော့တာပေါ့။

ဆေးတွေမှာ ဆိုးကျိုးရှိမလားဆိုပြီး စိုးရိမ်တဲ့ သတို့သားလောင်းတွေ ဆရာဝန်ဆီမသွားချင်တဲ့ သတို့သားလောင်းတွေအတွက် Marry က သဘာဝဖျော်ရည် ဖော်စပ်နည်းလေးအကြောင်းပြောပြပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးက သသာဝအသီးအနှံတွေချည်းမို့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး ရှိမှာ ပူစရာမလိုပါဘူးနော်။ ဘယ်လိုလဲ သတို့သားတို့ရေ စိတ်ဝင်စားရဲ့လား။

ပါဝင်ပစ္စည်းများ
သခွါးသီး          (၁)လုံး


တရုတ်နံနံကြီး

တရုတ်နံနံကြီး    (၃)ပင်

ကြက်သွန်ဖြူ     (၁)မွှာ

သံပုယိုသီး        (၁)လုံး


သံပုယိုသီးနဲ့ နနွင်းတက်

နနွင်းတက်       လက်(၁)ဆစ်

ဖျော်စပ်နည်း
ဖျော်စပ်နည်းက ဘာမှမခက်ပါဘူးနော်။ အဲ့ဒါတွေ အကုန်လုံးကို ကြိတ်ချေ ရောမွှေလိုက်ဖို့ပါပဲ။ စက်နဲ့ ဖျော်ဖျော်၊ လက်နဲ့ ဖျော်ဖျော် ရပေမယ့် စက်ဖျော်ကတော့ သောက်ရတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။

Marry အခုပြောပြတဲ့ သဘာဝ ဖျော်ရည်လေးထဲက ပါဝင်ပစ္စည်းတွေကို ခက်ခက်ခဲခဲ ရှာဖို့မလိုတဲ့အပြင် အလွယ်တကူရနိုင်တာမို့ သတို့သားတို့အတွက် အဆင်ပြေမှာပါ။ အခုပြောပြတဲ့ ဖျော်ရည်လေးကို ချစ်တင်းမနှီးနှောခင် တစ်နာရီလောက်အလိုမှာ ကြိုသောက်ရမယ် ဆိုတာကိုတော့ သတိပြုပါနော်။